ဖောက်သည်တွေနဲ့ ဆက်ဆံရေးကို စနစ်တကျ စီမံခန့်ခွဲတဲ့
CRM (Customer Relationship Management) Software ကို မသုံးစွဲဘူးဆိုရင်
သင့်လုပ်ငန်းဟာ ကြီးမားတဲ့ အချိန်ဖြုန်းတီးမှု၊ စိတ်ရှုပ်ထွေးမှုနဲ့
ရောင်းအားဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
ဝန်ထမ်းတစ်ယောက်က ဖောက်သည်တစ်ယောက်နှင့်
ပြောခဲ့သည့်အကြောင်းအရာ၊ ကမ်းလှမ်းခဲ့သည့် quotations များကို
နောက်ရက်တွင် တစ်ခြားဝန်ထမ်းတစ်ယောက်က မသိလို့ထပ်မေးရခြင်း
ဖောက်သည်ရဲ့ အချက်အလက်တွေကို
viber, telegram, messenger တွေမှာ ပြန်ရှာရခြင်းတွေက
ဖောက်သည်ကို စိတ်ရှုပ်ပြီးအချိန်ကြာစေပါတယ်။
CRM software ကိုသုံးရင် ဖောက်သည်အချက်အလက်တွေကို
တစ်နေရာတည်းမှာကြည့်လို့ရပါတယ်။
မည်သည့်ဝန်ထမ်း၊ မည်သည့်အချိန်တွင် ဆက်သွယ်ခဲ့တယ်၊
ဘာတွေဝယ်ဖို့ပြောခဲ့တယ် စသည်တို့ကိုချက်ချင်းပြန်ကြည့်နိုင်သည့်အတွက်
ပိုပြီးတော့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နဲ့
ရောင်းအားတွေပိုကောင်းလာမှာပါ။